သဲကုန်းမြို့နယ်တွင် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပပြုလုပ်

 

သဲကုန်း  မေ  ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီ အချိန်က မြို့နယ်လုံးကျွတ် ကျောင်း အပ်နှံရေးအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းဦးက အမှာစကားပြောကြားပြီး မြို့နယ် ပညာရေးမှူး ဦးဌေးဝင်းက ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြား သည်။

ထို့နောက် အလှူရှင်များမှ လှူဒါန်းထားသော ကျောင်းသုံး ဗလာစာအုပ်များ၊ ခဲတံနှင့် ဘောပင်များ၊Maskများ၊Face Shield များအား အလှူရှင်များ ကိုယ်စား တာဝန်ရှိသူများက လှူဒါန်းခဲ့ရာ မြို့နယ် ပညာရေးမှူးမှ လက်ခံ ခဲ့ကြောင်း သိရှိရသည်။

နိုင်လင်း(သဲကုန်းပြန်/ဆက်)