ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  လောက်ကိုင်မြို့နယ် အမှတ်-၂၊ တပ်မတော်အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

 

လောက်ကိုင်     မေ    ၂၇ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  လောက်ကိုင်မြို့နယ်၊ အမှတ် -၂ ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ကျင်းပရာ ကျောင်းသား/သူလေးများက ဇာတိမာန်သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ 

ရှေးဦးစွာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊ ဗိုလ်မှူးချုပ်ဇော်မင်း၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ရေးအဖွဲ့၊  ဥက္ကဋ္ဌတို့က  အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ၊ ဦးကျော်ဝင်းက ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းများရှိ  ကျောင်းသူ/သားများအတွက်  ကျောင်းသုံးဗလာစာအုပ်၊ ပုံနှိပ်စာအုပ်၊ ခဲတံ၊ MASK ၊ Face  Shield ၊ ခြင်ထောင်၊ ခေါက်ဆွဲခြောက်ထုပ်များကို မြို့ပေါ်အ.ထ.က ကျောင်းများ၊ တောင်ပေါ်ကျောင်း(၂၅)ကျောင်းရှိ သက်ဆိုင်ရာ တာဝန်ရှိကျောင်းအုပ် ဆရာ/ဆရာမများထံသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။ 

အဆိုပါ အခမ်းအနားတွင် မီးသတ်ဦးစီးမှူးမှ ကျောင်း(၉)ကျောင်းအတွက်  မီးသတ်ဆေးဘူး (၁၈)ဘူး ထောက်ပံ့ပေးအပ်ပြီး  မြိုနယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ  ဦးသိန်းဇော်ဦးမှ ပညာရေးဝန်ထမ်း (၅၉)ဦးအတွက် MASK ၊ Face  shield ၊ခြင်ထောင်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 

နန်းမြမြဝင်း