ကျေးသီးမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ကျေးသီး မေ ၂၇

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီခန့်က ကျေးသီးမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပသည်။

ရှေးဦးစွာ ကျေးသီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥကဋ္ဌ ဦးထူးထက်က အဖွင့်အမှာစကားပြောကြားပြီး ကျေးသီးမြို့နယ်ပညာရေးမှူး(တွဲဖက်တာဝန်ခံ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြတ်မြတ် က ကျောင်းအပ် နှံရေးလုပ်ငန်းစဉ် နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ကျေးသီးမြို့နယ် အတွင်း ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ ကျောင်းအလိုက် လက်ခံပေးသွားမည်ဖြစ်ပြီး ကျောင်းအပ်နှံရာတွင် (၅)နှစ်အရွယ်ကလေးများကို သူငယ်တန်း(KG) သို့လည်းကောင်း၊ (၆)နှစ်အရွယ် ကလေးများကို ပထမတန်း (Grade-1) သို့လည်းကောင်း အပ်နှံရမည်ဖြစ်ပြီး ကျောင်းအပ်နှံသည့်အခါ မည်သည့်အခကြေးငွေမျှ ကောက်ခံမှုမရှိကြောင်း၊ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ Mask နှင့် Face Shield စသည့် ပစ္စည်းများကိုလည်း နိုင်ငံတော်မှအခမဲ့ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အတွက် အခြေခံပညာကျောင်းများကို မေ ၂၄ ရက်မှ ၃၁ ရက် အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ပြီး ကျောင်းအပ်လက်ခံသွား မည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အခြေခံ ပညာကျောင်းများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျေးသီးမြို့နယ်ပညာရေးမှူး (တွဲဖက်တာဝန်ခံ) ကျောင်းအုပ် ဆရာမကြီး က နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေပေးသည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊Mask နှင့် Face Shield များကို သက်ဆိုင်ရာ အခြေခံ ပညာကျောင်းအုပ်ဆရာ၊ဆရာမကြီးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကျေးသီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထူးထက်နှင့်အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာ ကျောင်းများမှကျောင်းအုပ်ဆရာ၊ဆရာမကြီးများ၊ ကျောင်းအကျိုးတော် ဆောင်များ၊ ကျောင်းသားမိဘများ ၊ကျောင်းသား ၊ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်/ ပြန်ဆက်