သာယာဝတီမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး

 

သာယာဝတီ       မေ ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဆိုင်ရာ ဦးစီးဌာနမှ မြို့နယ် ဦးစန်းထူးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက် ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို မေလ ရက်နေ့မှ စတင်၍ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက် ဆောင်ရွက်ရာတွင်  လက်ရှိဒေသ၌ အမြဲတမ်း နေထိုင်၍ အိမ်ထောင်စု လူဦးရေ စာရင်း မရှိ/ ကိုင်ဆောင်လက်မှတ်မရှိသူ များအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်း နေထိုင်သူများ အတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး လက်ရှိဒေသ၌ ကိုင်ဆောင်လက်မှတ်မရှိသူ များအတွက် ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသ/လက်ရှိဒေသတွင် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စု စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများအတွက် ဆောင်ရွက်ပေးခြင်း စသည့်နည်းလမ်းများဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးသွားမည်ဖြစ် ကြောင်း၊ သာယာဝတီမြို့နယ်တွင် မြေပြင်ရှိ အသက်(၁၈)နှစ်ပြည့် ပြီးသူ လူဦးရေ (၁၁၂၁၆၃)ဦး ရှိသည့် အနက်နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ရန်ကျန်ရှိနေသည့်လူဦးရေ(၇၁၈၈)အား ပန်းခင်းစီမံချက်ဖြင့် မေလ ရက်နေ့မှစ၍ ၁၈ လကြာ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊မေလ ရက်နေ့မှယခုအချိန်ထိလူဦးရေ (၂၈၀)ဦး ဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိသောလူဦးရေ(၃၃၃)ဦးအတွက် အိမ်ထောင်စု (၈၆)စုအား ဆောင်ရွက် ပေးနေပြီဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန ဒုမြို့နယ်ဦးစီးမှူး ဒေါ်အိအိစိုးထံမှ သိရသည်။

သန့်ဇော် (ပြန်/ဆက်)