တနင်္သာရီမြို့နယ်ကလေးသူငယ်အခွင့်အရေး ဆိုင်ရာကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

 

တနင်္သာရီ-မေလ၂၇

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တစ်ရပ်ကို မေလ၂၇ရက် နံနက်၁၀နာရီ၃၀အချိန်က  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်းမအတွင်း ကျင်းပ ပြုလုပ်ရာ မြိတ်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယ ညွှန်ကြား ရေးမှူး ဒေါ်နီနီဝင်းနှင့်မြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဝင် ဌာနဆိုင်ရာဦးစီးမှူးများတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်ကလေးသူငယ်အ ခွင့်အရေးဆိုင်ရာကော်မတီဥက္ကဌ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအေးနိုင်က အဖွင့် အမှာစကား ပြောကြားပေးသည်။

ဆက်လက်၍ မြိတ်ခရိုင်လူမှုဝန်ထမ်းဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းက (/၂၀၂၀ မှ /၂၀၂၁) အထိ  (၁၀)လအတွင်း မြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်ချက် များကို ချပြရှင်းလင်းဆွေးနွေးပြီးနောက် ၎င်းကော်မ တီ အတွင်း ရေးမှူး ဒေါ်ခိုင်သီရိမျိုးက လက်ရှိ ဆောင်ရွက်ထားရှိသည့် ကလေးသူငယ်ဖြစ်ရပ် များအား ရှင်းလင်းဆွေးနွေးပေးသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာ သူများက သိရှိလိုသည်များကို မေးမြန်းဆွေး နွေးကြပြီး မြို့နယ် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ ကော်မတီဥက္ကဌက ရှေ့လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားပြီးဆုံးကြောင်းသိရှိရသည်။

သတင်း၊နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)