ပြည်ကြီးမဏ္ဍိုင် မေ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် မွန်စာပေနှင့် ယဉ်ကျေးမှု သင်တန်းဆင်းပွဲကို ယမန်နေ့က ရာမညနိကာယမွန်ကျောင်းဝင်းအတွင်း ကျင်းပသည်။
သင်တန်းဆင်းပွဲ အခမ်းအနားသို့ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌကိုယ်စား အတွင်းရေးမှူး ဦးတိုးတိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး ဆက်လက်၍ ပြည်ကြီးမဏ္ဍိုင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းမင်းထိုက်က ဝမ်းသာဂုက်ယူကြောင်းနှင့် ဆက်လက်ထိန်းသိမ်း လုပ်ဆောင်သွားကြရန် အားပေးစကား ပြောကြားသည်။
ထို့နောက် မွန်စာပေနှင့် ယဉ်ကျေးမှုသင်တန်းတွင် ထူးချွန်ဆုရရှိသော ကလေးများအား ဌာနဆိုင်ရာ အကြီးအကဲများက ဆုအသီးသီး ချီးမြှင့်ပေးကာ မွန်စာပေယဉ်ကျေးမှုအဖွဲ့မှ အကများဖြင့် ဖျော်ဖြေပေးခဲ့ကြောင်း သတင်းရရှိသည်။
မျိုးလွင်(ပြန်/ဆက်)