နွားထိုးကြီး မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး သီတင်းပတ် အခမ်းအနားကျင်းပ

နွားထိုးကြီး မေ ၂၇

နွားထိုးကြီးမြို့နယ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရဖို့ ကျောင်အပ်နှံကြပါစို့ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး သီတင်းပတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာ အထက်တန်းကျောင်း အောင်သူရိန် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးမှ အဖွင့်အမှာစကား ပြောကြားပြီး၊ မြင်းခြံခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမြင့်ချိုက ကျောင်းအပ်နှံရေးနေ့ အခမ်းအနားများ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့သည်။ မြို့နယ် ပညာရေးမှူး ဒေါ်ခင်ထွေးရီမှ ကျောင်းနေအရွယ် ကလေးများ ကျောင်းအပ်နှံရေးနှင့် ကျောင်းနေပျော်၍ စာတော်သောကလေးများ ပေါ်ပေါက်လာအောင် မိမိတို့ဆရာ၊ ဆရာမများမှ သင်ကြားပေးစေလိုကြောင်း ဆွေးနွေးခဲ့သည်။

ဆက်လက်၍ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေပေးသော ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များနှင့် Mask ၊ Face Shild များကို တာဝန်ရှိသူများမှပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူ များက လက်ခံရယူခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ထက်၊ လယ်၊ မူ ကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်