တောင်ဥက္ကလာပ မေ ၂၇
၂၀၂၁-၂၀၂၂ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေး အခမ်းအနားကို ယ မန်နေ့ နံနက်ပိုင်း(၉)နာရီအချိန်က ရန်ကုန် အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပ မြို့နယ်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း သီရိမြန်မာ ခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ဆရာ၊ ဆရာမများတက် ရောက်ခဲ့ကြပြီး အခမ်းအနားတွင် အခြေခံပညာ ဦးစီးဌာန၊ ရန်ကုန်အ ရှေ့ပိုင်းခရိုင် ပညာရေးမှူး ဦကျော်မြင့်ဆွေက ကျောင်း ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှု အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးအောင်မြတ်မိုးက ကျောင်းနေ အရွယ်ကလေးများ၊ ကျောင်းတက်ရမည့် ကလေးများ ကျောင်းသို့ ရောက်ရှိရေး အားလုံးဝိုင်းဝန်း ကြိုးစားဆောင်ရွက်ကြရန် တို့ကို ရှင်းလင်း အမှာစကား ပြောကြား ခဲ့ကြောင်းသိရသည်။
တောင်ဥက္ကလာပမြို့နယ်အတွင်း ကျောင်းနေအရွယ် ကလေး၊ လူငယ်တိုင်း အခြေခံပညာသင်ယူခွင့်ရ ရှိစေရန်၊ ကျောင်းအပ်နှံရေး အခွင့်အလမ်း များရရှိပြီး ကျောင်းတက်၊ ကျောင်းနေနှုန်း မြင့်မားလာစေရန် နှင့် အခမဲ့ ပညာရေးစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ် ချက်ဖြင့် ကျောင်း အပ်နှံရေး သီတင်းပတ်ကို မေလ(၂၄)ရက်နေ့မှမေလ(၃၁)ရက်နေ့အထိ သတ်မှတ်ထားရှိ ကြောင်းသိရသည်။
ခင်ဆွေနှင်း(တောင်ဥက္ကလာပ)