ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

မန္တလေး  မေ ၂၇

ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သော ကတ်ပြားတစ်မျိုးမျိုး ကွင်းဆင်းထုတ်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက မန္တလေးခရိုင်၊ ချမ်းမြ သာစည်မြို့နယ်၊ သံလျက်မော်တောင်ရပ်ကွက်ရှိ အမှတ် (၁၈) အခြေခံပညာအထက်တန်း ကျောင်းခွဲတွင် ပြုလုပ်ခဲ့သည်။

ယင်းစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းလှဇံ၏ ကြီးကြပ်မှုဖြင့် ရုံးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ ပူးပေါင်း၍ ရပ်ကွက် အတွင်းနေထိုင်သော အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေးကတ် မရှိသေး သူများ၊ အိမ်ထောင်စုလူဦးရေစာရင်းမရှိ၊ နိုင်ငံသားစီစစ်ရေးကတ်မရှိ၊ နိုင်ငံသားပြုကတ်မရှိ၊ အမျိုးသားမှတ်ပုံတင်ကတ်မရှိသူများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး ပန်းခင်းစီမံချက်အရ နေထိုင်မှုပုံစံများအလိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ပန်းခင်းစီမံချက်အဖြစ် ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၃၀ရက်တွင် အသက်(၁၈)နှစ်ပြည့်လာမည်သူနှင့် ၁၈နှစ်ပြည့်ပြီးသူများအား ၂၀၀၄ခုနှစ် နိုဝင်ဘာလ ၃၀ရက်နေ့ ရှေ့ပိုင်း မွေးဖွားသူများအား အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေး ကဒ်ပြားမရရှိသေးသူများ၊ အိမ်ထောင်စု လူဦးရေစာရင်းမရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ဥပဒေအရကိုင်ဆောင်သင့်သည့် ကဒ်ပြားတစ်မျိုးမျိုး လက်ဝယ်ရရှိရေးတို့အား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကွင်းဆင်းဆောင်ရွက်ပေးမှုတွင် နိုင်၆(က) ကျား(၂)ဦး၊ မ(၈)ဦး ဆောင်ရွက်ပေးနိုင် ခဲ့ကြောင်း၊ ချမ်းမြသာစည်မြို့နယ်အတွင်း ရပ်ကွက်ကြီး (၁၄) ရပ်ကွက်ရှိကာ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှူးရုံးအနေဖြင့် အလှည့်ကျ ကွင်းဆင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

တင်လင်းထက်