မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျ ပျက်စီးခဲ့သော ဘေးသင့်မိသားစုများအား ထောက်ပံ့ငွေပေးအပ်

မော်လမြိုင်ကျွန်း မေ ၂၇

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊  နုံးကျွံကျေးရွာအုပ်စု၊   သစ်တိုဆိပ်ကျေးရွာအုပ်စု၊   ထီပါလယ်ကျေးရွာ အုပ်စုတို့၌  မေလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျ ပျက်စီးခဲ့သည့်နေ  အိမ် (၃)လုံး၊ အမိုးလန်ပျက်စီးခဲ့သော နေအိမ်(၁)လုံး၊ အိမ်ထောင်စု ၄ စုမှ ဘေးသင့်ပြည်သူ ၁၄ ဦးအတွက်  ထောက်ပံ့ပစ္စည်း ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ထောက်ပံ့ပေးအပ်သည်။

အဆိုပါ နေအိမ်ပြိုကျ ပျက်စီးမှုအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေး၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊  မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာလင်းနှင့် တာဝန်ရှိသူများက  ကယ်ဆယ်ရေး ပစ္စည်း  (၁၇)မျိုးပါ  ၂  ပုံး၊  ကယ်ဆယ်ရေးပစ္စည်း  (၁၈)  မျိုးပါ (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုး ၃၃၀၀၀၀ ကျပ်နှင့် ဆန်ရိက္ခာ  ၇ ရက်စာဘိုး  ၂၉၄၀၀ ကျပ်၊  စုစုပေါင်း  ၃၅၉၄၀၀ ကျပ်တိတိကို  ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)