ဘုရားသုံးဆူမြို့၌ တစ်နိုင်တစ်ပိုင် စီးပွားဖြစ် ငါးမွေးမြူရေး အောင်မြင်ဖြစ်ထွန်းလျက်ရှိ

ဘုရားသုံးဆူ    မေ    ၂၇

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၌  ကိုဗစ်- ၁၉ ကာလအတွင်း ပြည်သူများစျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက်  တစ်နိုင်တစ်ပိုင် စီးပွားဖြစ်  ငါးမွေးမြူရေး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ ငါးသားပေါက်များဖြစ်သော ငါးခူနှင့် ငါးပြေမများကို  ရန်ကုန်မြို့မှတစ်ဆင့် မှာယူလျက်ရှိပြီး ၂ လသား အရွယ်မှ ၄ လသား အရွယ်ထိ မွေးမြူထားကြောင်း၊ ထွက်ရှိလာသော ငါးကောင်ရေများအား ဘုရားသုံးဆူ မြို့မစျေးသို့ ရောင်းချလျှက်ရှိပြီး ငါးခူတစ်ကီလိုအနေဖြင့် (၅၀)ဘတ်  (၂၅၀၀)ကျပ်ဖြင့် လည်းကောင်း၊ ငါးပြေမ တစ်ကီလို အနေဖြင့် (၁၀၀)ဘတ် (၅၀၀၀)ကျပ်ဖြင့် တင်ပို့ရောင်းချလျက် ရှိကြောင်း သိရသည်။

ဘုရားသုံးဆူ (ပြန်/ဆက်)