မြေပုံမြို့နယ်၌ လူနေအိမ် (၈) လုံး ဒီရေလှိုင်းဖြင့် မျောပါပျက်စီး

 
မြေပုံ မေ ၂၇
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ အုန်းချောင်းအုပ်စု၊ ပြင်ဝန်း (ပိုက်ဆိပ်) ၌ ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော (ယာစ်) YASS ဆိုင်ကလုန်းမုန်တိုင်းအရှိန်ဖြင့် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင်း ဒီရေလှိုင်များ အဆမတန်မြင့်မား၍ ပင်လယ်ကမ်းစပ်အနီးနေထိုင်သည့် တံငါသည်မိသားစုနေအိမ် (ဓနိမိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း) နေအိမ် (၈) လုံး ဒီရေလှိုင်း ရိုက်ပုတ်၍ ဒီရေလှိုင်းထဲ မျောပါပျက်စီးပြီး နောက်ထပ် လူနေအိမ်(၁၂)အိမ်မှာ အမိုး၊ အကာများ ပျက်စီးကြောင်း သတင်းရရှိသည်။
ဒီရေလှိုင်းဖြင့် မျောပါသွားသော နေအိမ် (၈) လုံး၌ မိသားစုဝင်များ၊ တိရိစ္ဆာန်များ သေကြေ ပျက်စီးမှု မရှိကြောင်း၊ ရေဘေးသင့်မိသားစုများအား ကျေးရွာအုပ်ချုပ်ရေးမှူးက နီးစပ်ရာဆွေမျိုးများအိမ်တွင် ယာယီနေထိုင်ရန် စီစဉ်ဆာင်ရွက်ပေးထားကြောင်းနှင့် ဆုံးရှုံးမှုကာလတန်ဖိုးမှာ ကျပ်သိန်း (၄၀) ခန့် ရှိကြောင်း သိရှိရသည်။
တင်ဝင်း