သရက် မေ ၂၇
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ တောမြင်ဘာကျေးရွာနှင့် ပျဉ်းအိုင်ကျေးရွာတို့တွင် မေလ (၂၅) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၇)ဦးတို့အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ ညနေ(၃) နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာ(၂)ရွာမှ နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်း တန်ဖိုး (၁၀၀၀၀၀/-) နှင့် လူဦးရေ(၇)ဦးအတွက် ဆန်(၇)ရက်စာ (၁၄၇၀၀/) ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးထက်မြက်အောင်၊ အဖွဲ့ဝင်ဗိုလ်မှူးမင်းမင်းခိုင်နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးဦးစစ်နိုင်ထွန်းတို့က ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေး စာရေးများက လက်ခံ ရယူခဲ့ပြီး ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုဝင်များ လက်ဝယ်အရောက် ဆက်လက်ပေးအပ် သွားမည်ဖြစ် ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)