ကျောက်တော် မေ ၂၇
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အသက်(၁၈)နှစ် ပြည့်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကစ္ဆပနဒီခန်းမအတွင်း၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာညွှန့်က အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်အလုပ် သမား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးဖုန်းနိုင်မှ ကျေးရွာအတွင်းနေထိုင်သူများ၏ သတ်မှတ်နိုင်ငံသား စိစစ်ရေးကတ်ပြားများ မပြုလုပ်ရသေးသူများ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ အသက်(၁၀)နှစ်နှင့်(၁၈)နှစ်ကြား ကျား(၂၃)ဦး၊မ(၄၅)ဦး၊ အသက် (၁၈)နှစ်နှင့်အထက် ကျား(၆၁)ဦး၊ မ(၁၂၁)ဦး စုစုပေါင်း(၂၅၀) ဦးတို့ကို နိုင်ငံသားစီစစ်ရေးကတ်ပြားများအား ပန်းခင်းစီမံချက်ဖြင့် စီစဉ်ဆောင်ရွက်ပေး လျက်ရှိသည်။
ထို့နောက် နိုင်ငံသားစီစစ်ရေးကတ်ပြားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ခွဆုံကျေးရွာအုပ်စု၊ အပေါက်ဝကျေးရွာအုပ်စု၊ င/တ ပေါင်းကျေးရွာ အုပ်စုနှင့် ပင်းဇိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား အသီးသီးပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခင်မောင်ထွန်