ဘားအံ မေ ၂၈
ကရင်ပြည်နယ်၊ဘားအံမြို့နယ်၊ နောင်လုံအရှေ့ကျေးရွာ တောင်သူများမိုးစပါးစိုက်ပျိုးမည့် စိုက်ခင်းတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် မျိုးစေ့ထုတ်သမဝါယမအသင်းတို့မှ ပူးပေါင်းဆောင်ရွက်သော မြေဆီလွှာဖွံဖြိုးတိုး တတ်ရေးအတွက်ရည်ရွယ်ကာ ထုံးနှင့်ပိုက်ဆံလျှော်ထည့်သွင်းခြင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် (၈)နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဆဲင်ဇခုတ်က တက်ရောက်လာကြသော နောင်လုံ အရှေ့ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးများမှ တောင်သူများအား ပိုက်ဆံလျှော် ထည့်သွင်းစိုက်ပျိုးခြင်း အကျိုးကျေးဇူးများ၊ အသုံးချပုံနည်းစနစ်များကို အသိပညာပေးဆွေးနွေးပြီး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်သမ ဝါယမအသင်းဦးစီးဌာနတို့မှ တောင်သူများအား မိုးစပါး စိုက်ခင်းအတွင်း ထုံးနှင့်ပိုက်ဆံလျှော်များ ထည့်သွင်း စိုက်ပျိုးမှု ကို လက်တွေ့သရုပ်ပြသခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုးရာမှာ တစ်ဧကကိုထုံး(၁၀) အိတ်နှုန်းဖြင့်လည်းကောင်း၊ လယ်တစ်ဧက လျှင် ပိုက်ဆံလျှော် (၂)ပြည်နှုန်းဖြင့်လည်းကောင်းထည့်သွင်းစိုက်ပျိုးပြီး သက်တမ်းအားဖြင့် (၃၅)ရက်နှင့် ရက်(၄၀)တွင် ပြန်လည်ထယ်ထိုးခြင်းများဆောင်ရွက်ကာ မိုးစပါးစိုက်ပျိုးသွားရမှာ ဖြစ်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ခရိုင်(ပြန်/ဆက်)