မြောက်ဦးမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်၍ သစ်ကိုင်းကျိုးကျမှုအား မီးသတ် ဦးစီးဌာနမှ သွားရောက်ရှင်းလင်း

 
မြောက်ဦး မေ ၂၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ အလယ်ဈေးအုပ်စု၊ ကုန်သည်တန်းရပ်ကွက် အ-ထ-က ကျောင်းဟောင်းရှေ့၊ ဦးဥတ္တမလမ်းဘေးရှိ သစ်ပင်မှာ ရုတ်တရက်မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ကိုင်းကျိုးကျနေကြောင်း တာဝန်သိပြည်သူတစ်ဦးမှ ယမန်နေ့ ညနေ ၆ နာရီအချိန်က တယ်လီဖုန်းဖြင့် အကြောင်းကြားလာ၍ ခရိုင်မီးသတ်ဦးစီးမှူး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ သစ်ကိုင်းကျိုးကျရာနေရာသို့ ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးခိုင်ဇင်ဟိန်းဦးဆောင်၍ ခရိုင်/မြို့နယ်မီးသတ်စခန်းမှ သန္ဓေရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ ဝင်များမှသွားရောက်ပြီး ရုတ်တရက်မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ် ကိုင်းကျိုးကျပြီး လမ်းပိတ်ဆို့နေသော သစ်ကိုင်းများအား လမ်းသွားလမ်းလာပြည်သူများ သွားလာ ရေးအဆင်ပြေစေရန်အတွက် ဖြတ်တောက်ရှင်းလင်းဖယ်ရှားရှင်းလင်းပေးခဲ့သည်။
အဆိုပါ သစ်ကိုင်းကျိုးကျမှုကြောင့် တောင်ရပ်လမ်းဘက်သို့ ဆိုင်ကယ်မောင်းနှင်သွား လာနေသော အ-ထ-က ကျောင်းဟောင်းနေ ဆိုင်ကယ်မောင်းနှင်သူမှာ ဝဲဘက်ပခုံးကျိုးဒဏ်ရာ (မစိုးရိမ်ရ)ရရှိပြီး၊ ဇနီးဖြစ်သူမှာ ဝမ်းဗိုက်အောက်ပိုင်း ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိ ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိသူ(၂)ဦးအား ကရုဏာလှိုင်းသွေးအလှူရှင်များအသင်းပိုင် မော်တော် ယာဉ်ဖြင့် မြောက်ဦးပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူလျက်ရှိ ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း