ကျိုင်းလပ် မေ ၂၈
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် အသက် ၈၅ နှစ်အထက် သက်ကြီး ဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေးပင်စင်ငွေများကို ယမန်နေ့ နံနက်ပိုင်းက ကျိုင်းလပ်မြို့ပေါ်နှင့် ကျေးရွာအုပ်စု ၃ အုပ်စု၌ ထောက်ပံ့ ပေးအပ်ခဲ့သည်။
၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွက် အသက် ၈၅ နှစ်အထက် အဘိုး၊ အဘွား ၁ ဦးလျှင် လူမှုရေးပင်စင် ထောက်ပံ့ ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့်၊ ကျိုင်းလပ်မြို့ပေါ်နှင့် ကျေးရွာအုပ်စု ၃ အုပ်စုအတွင်းရှိ သက်ကြီးဘိုးဘွား စုစုပေါင်း ၃၅ ဦးကို ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေး စာရေးများက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)