မကွေး မေ ၂၈
မကွေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ပုံမှန်ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မကွေးမြို့ ထိန်ထိန်သာဟိုတယ်ခန်းမ၌ ကျင်းပဆောင်ရွက်ရာ မကွေး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ (အဖွဲ့ဝင်-၄) ဦးစိုးပိုင်မြင့်၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်၊မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း (မကွေးဇုန်)ဥက္ကဋ္ဌ ဦးစံထွေးနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ(အဖွဲ့ဝင်-၄) ဦးစိုးပိုင်မြင့်က ခရီးသွားလုပ်ငန်း ပုံမှန် ပြန် လည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် ပတ်သက်၍ အမှာစကား ပြောကြားပြီး၊ဟိုတယ်/မိုတယ်များ ပြန်လည်ဖွင့်လှစ်နိုင်မှု အခြေအနေနှင့်လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ဆင့်ပွား သင်တန်း ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များကို တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးမြင့်စိန်က ဆွေးနွေးတင်ပြခဲ့သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (မကွေးဇုန်)ဥက္ကဋ္ဌ ဦးစံ ထွေးက ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြရန် ကိစ္စရပ် များကို ဆွေးနွေးပြောကြားကာ၊ တက်ရောက်လာသော လုပ်ငန်းရှင်များမှ ပြန်လည်မေးမြန်း ဆွေးနွေးမှုများ အပေါ်၊ခရီးသွားလုပ်ငန်း ပုံမှန်ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူတို့က ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ