ရန်ကုန် မေ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကြက်ခြေနီအသင်း(အင်းစိန်)မှ ယာဉ်တိုက်မှု ဖြစ်ပွားရာတွင် ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦးအား ယမန်နေ့ ည(၈)နာရီအချိန်က ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမ်းဆုံအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး ဘယ်လက်ဖျံရိုး ကျိုး လူနာသည် ကြက်ခြေနီအသင်း(အင်းစိန်)ရုံးသို့ ရောက်ရှိလာ၍ ကြက်ခြေနီအသင်း (အင်းစိန်)၊ တပ်ဖွဲ့မှူး ဦးနီထွန်းနှင့် စေတနာ့လုပ်အားရှင်များက ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး လူနာအား လူနာတင်ယာဉ်ကားဖြင့် နေအိမ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်အတွက် ကြက်ခြေနီ အသင်း(အင်းစိန်)မှ တာဝန်ရှိသူများက (၂၄)နာရီလူနာတင်ယာဉ်ကား(၂)စီးဖြင့် ကျန်းမာ ရေးစောင့်ရှောက်မှု ပေးလျက်ရှိပြီး လစဉ်(၂၁)ရက်နေ့မှ လကုန်အထိ အင်းစိန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင် လာရောက်ထုတ်ယူသူ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရ သည်။
ဇွဲထက်ကို(ပြန်/ဆက်)