မင်းလှမြို့တွင် နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြား

မင်းလှ မေ ၂၈ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနက ကလေးငယ်များ ကိုယ်လက်ကျန်းမာ ကြံ့ခိုင်သန်မာလာစေရန်အတွက် နွေရာသီ အခြေခံအားကစားသင်တန်းများကို ယမန်နေ့ကစတင် သင်ကြားပေးလျက်ရှိကြောင်း မြို့နယ်အားကစားမှူးထံမှ သိရသည်။ အဆိုပါသင်တန်းများကို မြို့နယ် အောင်တံခွန်အားကစားကွင်းနှင့် ထန်းပင်ကုန်းကျေးရွာတို့တွင် အခြေခံ ဘောလုံကစားနည်း၊ မြို့နယ်ကြက်တောင်ကွင်းတွင် အခြေခံကြက်တောင်ရိုက်နည်း၊ ရိုးရာခြင်းခတ်နည်း၊ အခြေခံစားပွဲတင် တင်းနစ်ကစားနည်းနှင့် အခြေခံသိုင်းကစားနည်းများကို မြို့နယ်အားကစားမှူး ဦးလှဖုန်းက ဦးဆောင်ကာ နေ့စဉ်နံနက် ၈ နာရီမှ ၁၀ နာရီချိန် ထိ (၂) ပတ်ကြာဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။ ပေါက်စ မင်းလှ