COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ဖလမ်း( ဆူရ်ဘုန် )လေယာဉ်ကွင်း ဧရိယာအတွင်း ဝင်/ထွက် ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသန္တရအမိန့်ထုတ်ပြန်

ဖလမ်း  မတ်    ၂၈

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ဖလမ်း(ဆူရ်ဘုန်)လေယာဉ်ကွင်း ဧရိယာအတွင်း ဝင်/ထွက် ဖြတ်သန်းသွားလာခြင်း၊ လုပ်ငန်းခွင်လာရောက်လေ့လာခြင်းများ မပြုလုပ်ရန် ဖလမ်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မတ် ၂၇ ရက် ဒေသန္တရအမိန့်(၂/၂၀၂၀)ဖြင့် ထုတ်ပြန်ခဲ့သည်။

ဖလမ်း(ဆူရ်ဘုန်)လေယာဉ်ကွင်း ဧရိယာအတွင်းသို့ မတ် ၂၇ ရက်နေ့မှ ဧပြီ ၃၀ ရက်နေ့ထိ ဝင်/ထွက်ဖြတ်သန်းသွားလာခြင်း၊ လုပ်ငန်းခွင်လာရောက်လေ့လာခြင်းများ မပြုလုပ်ရန် ဒေသန္တရ အမိန့်ဖြင့် ထုတ်ပြန်ထားခြင်းဖြစ်ကြောင်းသိရသည်။

ဂျွန်(ပြန်/ဆက်)