ပြည်ကြီးတံခွန် မေ ၃၀
မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ဆ ရပ်ကွက် ၁၃၀လမ်း၊အေးသုခလမ်း အကွက်အမှတ် F 3 ရှိ ပလပ်စတစ်ခြင်း စက်ရုံတွင် ယနေ့ နံနက် ၈ နာရီ ၂၀ မိနစ်တွင် အဆောက်အဦ ပြုပြင်ရန် လျှပ်စစ်ဂဟေဆော်ရာမှ ပလပ်စတစ်ခြင်းများပေါ်သို့ မီးပွားကျပြီး မီးစတင် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်ရာသို့အုပ်ချုပ်မှုယာဉ်(၃)စီး၊မီးငြိမ်းသတ်ယာဉ်(၇)စီး၊ရေသယ်ယာဉ်(၂)စီး၊သန္ဓေမီးသတ်(၂၀)ဦး၊
အရန်မီးသတ်(၄၀)ဦး ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ရာ ၈ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုကြောင့် ပလပ်စတစ်ခြင်းစက်ရုံမန်နေဂျာအား ပြည်ကြီး တံခွန်မြို့နယ် စက်မှုနယ်မြေ ရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းဇော်မင်း