ချင်း(ဖလမ်းဘာသာ)ဖြင့် ထုတ်ဝေသော COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

ဖလမ်း မတ် ၂၈

ချင်း (ဖလမ်းဘာသာ)ဖြင့် ထုတ်ဝေသော COVID-19 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်ကို ယနေ့ နံနက် ၇ နာရီခွဲက ဖလမ်းမြို့၊ လူစည်ကားရာ နေရာများ၌ ဌာနဆိုင်ရာတာဝန်ရှိသူများက ဖြန့်ဝေသည်။

ဖလမ်းခရိုင်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာတလွန်းကျုံးထန်း ဦးဆောင်သော ဌာန ဆိုင်ရာ ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက ချင်း(ဖလမ်း)ဘာသာစကားဖြင့် ထုတ်ဝေသော COVID-19 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်ကို ဖလမ်းမြို့ လူစည်ကားရာနေရာဖြစ်သော စျေး၊ စျေးဆိုင်များ၌ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ဂျွန်( ပြန်/ဆက် )