ကျောက်ကြီး မေ ၃၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် အထကကျောင်း၌ ယမန်နေ့ နံနက်ပိုင်းက ကျောင်း ပတ်ဝန်းကျင်သာယာလှပရေးအတွက် ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းရေးကို ကျောင်းဆရာ/မများနှင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များဖြင့် စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါသန့်ရှင်းရေး ဆောင်ရွက်သောကြောင့် မိုးဦးကျ၌ ဖြစ်တတ်သော ဝမ်းရောဂါ၊ သွေးလွန်တုပ်ကွေး ရောဂါများကို ကြိုတင်ကာကွယ်ပြီးဖြစ်သလို ကျောင်းအတွင်း/အပြင်ဘက်ရှိ အမှိုက်များ ရှင်းလင်းခြင်း၊ ပိတ်ဆို့နေသည့် ရေမြောင်းများအား တူးဖော်ပေးခြင်း၊ အုံ့ဆိုင်းနေသည့် သစ်ပင်များ၊ မြက်ပင်များအား ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ စာသင်ခန်းများ သန့်ရှင်းရေးပြုလုပ်ပေးခြင်း၊ အန္တရာယ်ဖြစ်နိုင်မည့် ကျောင်းဆောင်များ စာသင်ခုံများ အား အသေးစား ပြင်ဆင်မှုများ ပြုလုပ်ပေးခြင်း၊ ဆောင်ရွက်ပေးပြီး အမှိုက်များအား အမှိုက်သိမ်းယာဉ်ဖြင့် ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
K ခိုင်ပြန်/ဆက်