ပန်းတနော်တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေရှင်းလင်း အသိပညာပေး ဆွေးနွေး

ပန်းတနော် မေ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် လူမှုဝန်ထမ်း ဦးစီးဌာနမှ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေရှင်းလင်း အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်က အဖွင့်အမှာစကား ပြောကြားပြီး လူမှုဝန်ထမ်း ဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သီတာထွေးက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့် သက်ဆိုင်သည့် သိကောင်းစရာ အ​ကြောင်းအရာများကို Power Point ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကာ တက်ရောက်လာကြသော တာဝန်ရှိသူများ က ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပန်းတနော်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်  ရပ်/ကျေး စားရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)