ကျောက်ကြီး မေ ၃၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် သိန်တန်းရပ်ကွက် အပိုင်း(၃)၌ ယနေ့ နံနက်(၁၀) နာရီက နွေရာသီ နေပူချိန်မြင့်မားမှုကြောင့် သောက်ရေ /သုံးရေ ပြတ်လပ်နေသည့် ဘုန်းတော်ကြီးကျောင်း များနှင့် အိမ်ထောင်စုဝင် များအတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ရေရရှိရေး ဝိုင်းဝန်းကြိုးပမ်းခဲ့ဆောင်ရွက်ခဲ့ ကြသည်။
ကျောက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့ နွေရာသီ၌ ရေပြတ်လပ်မှုနှင့် နှစ်တိုင်းကြုံတွေ့ရသော်လည်း ယခုအခါ နေပူချိန်မှာ ယခင်နှစ်ထက် ပိုမိုမြင့်တက်လာမှုကြောင့် သောက်ရေ/သုံးရေ ပြတ်လပ်မှုအခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေ ရကြောင်း ဒေသခံပြည်သူများမှ ပြောကြားခဲ့သည်။ ထိုရေပြတ်လပ်သည့် နေရာများ၌ မြို့ နယ်စည်ပင်သာယာရေးအဖွဲ့မှ ခမ်းခြောက်နေသော ရေတွင်းများအား ပြန်လည်တူးဖော်ပေးခြင်း၊ မြို့ပေါ် စေတနာရှင်များ စုပေါင်းပြီး ဘုံဘိုင်တွင်းများ တူး၍ ရေရရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
K ခိုင် (ပြန်/ဆက်)