မအူပင်မြို့တွင်မိုးစပါးရာသီ မျိုးစပါးစိုက်တောင်သူများအား နည်းပညာပေးဆွေးနွေးပွဲဆောင်ရွက်

မအူပင်မေ၃၁

ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊မအူပင်မြို့နယ်တွင်၂၀၂၁ ခုနှစ် မိုးစပါးရာသီ မျိုးစပါး စိုက်တောင်သူများအားနည်းပညာပေးဆွေးနွေးပွဲကို ငါးကြီးဂရက်ကျေးရွာ
စိုက်ပျိုးရေးဦးစီးဌာန နည်းပညာပြန့်ပွားရေးစင်တာတွင် ယမန်နေ့ နံနက် ၁၀နာရီက ကျင်းပ ပြုလုပ်သည်။

ဆွေးနွေးပွဲတွင် မအူပင်ခရိုင်စိုက်ပျိုးရေးမန်နေဂျာဦးစိုးမိုးအောင်က မိုးစပါး စိုက်တောင်သူများအနေဖြင့်မျိုးကောင်းမျိုးသန့် စပါးစိုက်ပျိုးနိုင်ရန်နှင့်နည်းပညာလိုအပ်ချက်များအား စိုက်ပျိုးရေးဝန်ထမ်းများနှင့်ပူးပေါင်းဆောင်ရွက်ရေးပြောကြားပြီး မအူပင်မြို့နယ်မန်နေဂျာဦးသာအေးကမြို့နယ်အတွင်းမိုးစပါးစိုက်လျာထားချက်နှင့်မျိုးစပါးစိုက်ဧကလျာထားချက်များ၊မျိုးကောင်းမျိုးသန့်စိုက်ပျိုးရန်ဆောင်ရွက်ထားရှိမှုများကိုပြောကြားပါသည်။

ဆက်လက်၍ခရိုင်မျိုးစေ့တာဝန်ခံဒေါ်ငြိမ်းငြိမ်းတို့ကမျိုးသန့်မျိုးစေ့များစိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် ဆင်းသုခ(Rs)မျိုးစပါးအား စိုက်ပျိုးထုတ်လုပ်ရန်နှင့်
၄င်းမျိုးသက်တမ်းမှာ(၁၃၅)ရက်ဖြစ်ပြီးတစ်ဧကလျင် အထွက်နှုန်း၆၀မှ၇၅အထိထွက်ရှိနိုင်ပြီး မျိုးစပါးပြန်လည်ရောင်းချရာတွင်တင်း၁၀၀လျှင်ကျပ်၉သိန်းမှ၁၀သိန်းအထိစျေးကွက်ဝင်သဖြင့်တောင်သူများအနေဖြင့်စိုက်ပျိုးရေးဦးစီးဌာနမှနည်းပညာများနှင့်အညီဆောင်ရွက်ကြရန် နည်းပညာလိုအပ်ချက်ရှိပါက စိုက်ပျိုးရေးဦးစီးဌာနသို့ဆက်သွယ်နိုင်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နည်းပညာဆွေးနွေးပွဲသို့ တက်ရောက်လာသော တောင်သူများက သိလိုသည်များကိုမေးမြန်းရာ မြို့နယ်မန်နေဂျာ၊ခရိုင်/ မြို့နယ် မျိုးစေ့တာဝန်ခံနှင့် တာဝန်ရှိသူတို့မှပြန်လည်ဖြေကြားပေးခဲ့ကြောင်းမြို့နယ်စိုက်ပျိုးရေးတာဝန်ခံထံမှ သိရသည်။
အောင်ခိုင်ပြန်/ဆက်