တံတားဦး မေ ၃၁
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည် ။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက အမှာစကားပြောကြားရာတွင် မိမိတို့ရပ်ကွက်/ကျေးရွာများတွင် ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တပြေးညီ တင်ပြကြရန်လိုကြောင်း ၊ ယခုအခါပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ်ကို ဂရုပြုကြရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ကြရန်လိုကြောင်း ၊ ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များကို လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ အခြေခံပညာကျောင်းပြန်လည်ဖွင့်လှစ်သည့်အခါ ပညာသင်ကြားရေးကို နှောင့်ယှက်ဟန့်တားမှု မဖြစ်ပွားရေးအတွက် လုံခြုရေးကို အထူးအလေးထားဆောင်ရွက် ကြရန်လိုကြောင်း ပြောကြားသည် ။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးသန်းနိုင်ဦးက ဌာနဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အပတ်စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက် လာကြသော ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက မိမိတို့သိရှိလိုသည်များကို ဆွေးနွေး မေးမြန်းကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များက အသေးစိတ်ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည် ။
ရဲတင့်(တံတားဦး-ပြန်/ဆက်)