ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များ၌ ပန်းခင်းစီမံချက်ဆောင်ရွက်ထားသည့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများနှင့် လူဦးရေနှင့်အိမ်ထောင်စုစာရင်း ပေးအပ်ပွဲကျင်းပ

ပုသိမ်   မေ   ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ် ၇ မြို့နယ်၌ ၃- ၅-၂၀၂၁ မှ ၃၀-၅ -၂၀၂၁ ရက်နေ့အထိ " ပန်းခင်း "စီမံချက်ဖြင့် ဆောင်ရွက်ထားရှိသော နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက ဧရာရွှေဝါ ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ တိုင်းဒသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဦးရဲမြင့်၊ ကောင်စီ အဖွဲ့ဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ခရိုင်နှင့်မြိုနယ် လဝက မှ တာဝန် ရှိသူများ၊ မှတ်ပုံတင်ကတ် ရယူကြမည့် ကာယကံရှင်များတက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်က “၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲစာရင်းတွင် ကိုင် ဆောင်လက်မှတ်အမှတ်မပါရှိဘဲ အမည်စာရင်းတွင်ပါဝင်နေသူ မြန်မာတစ်နိုင်ငံလုံး တွင် ၄၆၇၇၃၅၁  ဦး ပါဝင်နေကြောင်း စိစစ်တွေ့ရှိရတဲ့အတွက် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် လိုအပ်သောကြောင့် မဲဆန္ဒရှင်တိုင်း ဥပဒေအရ ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ကိုင်ဆောင်ခွင့်ရရှိစေရေးအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်များနှင့်အညီ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ "ပန်းခင်း" စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း၊ တိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးတွင် နေထိုင်လျက်ရှိကြသော အသက် ၁၈ နှစ် ပြည့်ပြီးသူ မဲဆန္ဒရှင်အားလုံး မဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရေးနှင့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရေးအတွက် တရားမျှတသည့် အထွေထွေရွေးကောက်ပွဲ ဖြစ်မြောက်စေရန် ရည်ရွယ်ချက်နဲ့ တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားတိုင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေး " ပန်းခင်း "စီမံချက်ဖြင့် စစ်ဆင်

ရေးတစ်ရပ်ကဲသို့ ၃-၅-၂၀၂၁ ရက်မှ ၃-၁၁ -၂၀၂၂ ရက်နေ့အထိ စီမံချက်ကာလ ၁၈ လ သတ်မှတ် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ပြည်သူကိုဗဟိုပြုပြီး ပြည်သူ့ဆန္ဒကိုအလေးထားကာ ပြည်သူ များ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုတဲ့ ဆန္ဒနဲ့ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများကို မြို့နယ်ရုံးများတွင်သာမက၊ တပ်ရင်း၊ တပ်ဖွဲ့၊ စက်ရုံ၊ အလုပ်ရုံ၊ ရပ်ကွက်/ကျေးရွာအုပ်စုနှင့်ကျေးရွာများ၊ စာသင်ကျောင်းများသို့ စီမံချက်ရေးဆွဲကာ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ၊ လုပ်ထုံး၊ လုပ်နည်း၊ အမိန့်၊ညွှန်ကြားချက်များနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးကို အချိန်နှင့်တစ်ပြေးညီ ကွင်းဆင်း ဆောင်ရွက်ပေးသည့်အတွက် ပြည်သူများ သွားလာစရိတ်၊ စားစရိတ်၊ အချိန်ကုန်ကျမှုများ သက်သာစေပြီးနိုင်ငံသားတစ်ဦး၏ လူမှုရေး ၊စီးပွားရေး၊ လုပ်ငန်းကိစ္စ ရပ်များအတွက်  မရှိမဖြစ်လိုအပ်တဲ့ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား များကို လွယ်ကူချောမွေ့စွာ ရရှိကိုင် ဆောင်နိုင်တဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်မှာဖြစ်ကြောင်း၊ ယခုလက်ရှိ ဆောင်ရွက်နေတဲ့ တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားတိုင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင် သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေးလုပ်ငန်း "ပန်းခင်း" စီမံချက်လုပ်ငန်းကို သတ်မှတ်ချိန် ကာလအတွင်း ပြီးမြောက်အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်ဆောင်ရွက် ကြရန်”တိုက်တွန်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းကောင်စီအဖွဲ့ဝင် ၄ ၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက"ပန်းခင်း"စီမံချက်ကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ထို့နောက် တိုင်းကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်၊ တိုင်းကောင်စီအဖွဲ့ဝင် ၁ ၊တိုင်းကောင်စီ အဖွဲ့ဝင် ၄ တို့က ပုသိမ်၊ ကန်ကြီးထောင့်၊ ရေကြည်၊ ငပုတော၊ ကျုံပျော်၊ ကျောင်း ကုန်း၊ သာပေါင်းတို့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ကာယကံရှင်များကို အိမ်ထောင်စု စာရင်းများနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကိုပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ယနေ့တွင် အိမ်ထောင်စုစာရင်း ၁၂၈ ခုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၆၇၀ ခုတို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။ “အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာနသည်         "ပန်းခင်း"စီမံချက်ဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများအနက် မွေးရာပါနိုင်ငံသား အရည်အချင်းရှိသော တိုင်းရင်းသားများနှင့် ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်သော ဥပဒေအရ နိုင်ငံ သားများကို တည်ဆဲ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ညွှန်ကြားချက်များနှင့်အညီ တိုင်းဒေသကြီး အတွင်း ကျန်ခရိုင်နှင့်မြို့နယ်များတွင်လည်း စီမံချက်ပါအတိုင်း အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း” တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းကပြောသည်။

တိုင်းဒေသကြီး ပြန်/ဆက်