ငဖဲ မေ ၃၁ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တွေ့ဆုံ ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ် သည်။ တွေ့ဆုံပွဲတွင် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း ကရပ်ကွက်/ကျေးရွာ အုပ်စုများတည်ငြိမ်အေးချမ်းဖို့ အရေးကြီးကြောင်း၊ ဌာနဆိုင်ရာများနှင့်ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေး မှူးများမိမိတို့၏လုပ်ငန်းတာဝန်များကိုကျေပွန်အောင်ဆောင်ရွက်ကြစေလိုကြောင်း၊စာသင်ကျောင်းများအားလုံးဖွင့်လှစ်နိုင်ရေး ဌာနဆိုင်ရာများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်နှင့် ပန်းခင်းစီမံချက်ဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးပြောကြားပြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးတင့်ကျော်က အယူအဆနဲ့အမြင်များမလွဲမှား ကြစေလို ကြောင်း၊ မိမိတို့၏လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြမှသာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှာဖြစ်ကြောင်း၊ ကောလဟလသတင်းမှားများကို မယုံကြည်ကြရန်၊ စာသင်ကျောင်းများ မပျက်စီးစေဖို့ဝိုင်းဝန်းထိန်းသိမ်းကြရန်၊ ကျောင်းနေအရွယ်ကလေးများ အားလုံးကျောင်း တက်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် နှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး ဆောင်ရွက်နေမှုများကိုဆွေးနွေးပြောကြားသည်။ ထို့နောက် ငဖဲမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက မိတ်ဆက် စကား ပြောကြားပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများက ဒေသဖွံ့ဖြိုးရေးနှင့်မီးလင်းရေးဆိုင်ရာများကို တင်ပြ ဆွေးနွေးရာ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း က ပြန်လည် ပေါင်းစပ်ညှိနှိုင်း ဖြေကြားပေးခဲ့သည်။ အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးထွန်းထွန်းဝင်း၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးတင့်ကျော်၊ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးအောင်သိန်း လှိုင်နှင့် အဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူး များနှင့် ရပ်/ကျေးစာရေးများ စုစုပေါင်း(၉၇)ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။ မယု(ငဖဲ)