ကျောက်ထု မေ ၃၁ မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသရှိ လယ်ယာမြေများတွင် မိုးစပါးအပြီး၌ စိုက်ပျိုး ကြသည့် ဆောင်းမြေပဲများ နှုတ်ချွေနေကြပြီဖြစ်ကြောင်း ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ “နှုတ်ချွေလုပ်အားခ တစ်နေ့ ၃၀၀၀ ကျပ် ပေးချေရပါတယ်၊ ချွေပြီးတဲ့ မြေပဲတွေကို နေလှမ်း၊ အခွံချွေပြီး တစ်တင်းလျင် ကာလပေါက်ဈေူး ကျပ် ၁၂၀၀၀ နဲ့ ရောင်းချကြမှာ ဖြစ်ပါတယ်၊ တချို့လဲ မြေပဲအခွံချွေပြီး မြေပဲဆီကြိတ်ပြီးမှ ရောင်းချကြမှာပါ၊ ကြိတ်ခွဲခ တစ်တင်းအတွက် ၆၄၀၀ ကျပ် ပေးချေရပါတယ်၊ မြေပဲတစ်တင်း ကို ဆီ ၈ ပိဿာရရှိနိုင်ပါတယ်၊ ဆီ တစ်ပိဿာနှုန်းက ဒေသ ပေါက်ဈေး ငွေကျပ် ၈၀၀၀ ဖြစ်ပါတယ်၊” ဟု တောင်သူတစ်ဦးက ပြောသည်။ ကျောက်ထုဒေသ၌ စိုက်ပျိုးကြသည့် မြေပဲမျိုးမှာ စိုက်ပျိုးရေးဦးစီးဌာနမှ ဖြန့်ဖြူးသည့် မကွေး (၁၆) မြေပဲမျိုးကို အများစုကစိုက်ပျိုးကြပြီး ဒေသမျိုးကို စိုက်ပျိုးကြသူများလည်းရှိသည်။ အဆိုပါ မကွေး (၁၆) မြေပဲမျိုးမှာ အထွက်နှုန်းကောင်းသည့်အပြင် သဘာဝ ဘေးဒဏ်နှင့် ပိုးမွှားဒဏ်ခံနိုင်ရည်ရှိကြောင်း သိရသည်။ မောဟေမာန်