ကွမ်းခြံကုန်း မေ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကွမ်းခြံကုန်းမြို့နယ်နယ်ရုံးမှ ပန်းခင်းစီမံ ချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်ပွဲအခမ်း အနားကို ယနေ့ နံနက်(၁၀) နာရီက အ.ထ.က(၁)သီရိရတနာခန်းမ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားတွင်ကွမ်းခြံကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးထွန်းဝင်းစိုးမှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ဦးကျော်သူရက “ပန်းခင်း” စီမံချက်အရ ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား များကို မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးထွန်းဝင်းစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအတွင်းရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ဦးကျော်သူရတို့က အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၈၄)ကတ်ကို ကာယကံရှင်များ၏ လက်ဝယ်သို့ ပေးအပ်ခဲ့ကြသည်။
ထို့နောက် နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ခံရရှိသူ ပြည်သူတစ်ဦးက ကျေးရှင်းတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ဆွေနွယ်