ကော့မှူး မေ ၃၁
၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် အ.ထ.က ကော့မှူး ကျောင်းခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝ အဖွဲ့ဝင် ဗိုလ်မှူးထွန်းဇော်မင်းနှင့် တာဝန်ရှိသူများက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်နုနုကြည်က နိုင်ငံတော်က ကျောင်သား၊ ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်များ အခမဲ့ဖြန့်ဝေပေး ကြောင်း၊ KG တန်းမှ လွဲ၍ ကျန်အတန်းများအား ဗလာစာအုပ်(၁)ဒါဇင်၊ မှုလတန်းအဆင့်များအား ခဲတံ(၄)ချောင်း၊ အလယ်တန်းအဆင့်များကို ခဲတံ(၂) ချောင်း၊ ဘော့ပင်(၂)ချောင်း၊ Mask ၂ ခု၊ face sheet (၁)ခု၊ စသည့်များကို အခမဲ့ဖြန့်ဝေပေးထားကြောင်း၊ ကော့မှူးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ ၂၂၁၃၁ ယောက်ရှိပြီး ကျောင်းအပ်နှံထားသူမှာ ၄၉၀၇ အပ်နှံပြီးဖြစ်ကြောင်း ရာခိုင်နှုန်း အားဖြင့် ၂၀.၀၇ ရာခိုင်နှုန်းဖြစ်ပြီး ဇွန်(၁)ရက်နေ့မှ စတင်၍ ကျောင်းများအား ကိုဗစ်-၁၉ စည်း ကမ်းချက်များနှင့်အညီ စတင်ဖွင့်လှစ်၍ စာသင်ကြားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်က လှူဒါန်းသော ထောက်ပံ့ပစ္စည်းများကို တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
ကျော်သူရ