ကျောက်တံခါးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှုများကို လက်ခံ ဆောင်ရွက်ပေး

ကျောက်တံခါး မေ ၃၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ကျောင်းအပ်နှံမှုကာလအတွင်း ကျောင်းအပ်လက်ခံခြင်းများကို လက်ခံဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၂၂၈ ကျောင်းရှိရာ မူလတန်းအဆင့် ကျောင်းသား ၁၂၂၄၆ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား ၇၁၄၀ ဦး၊ အထက်တန်းအဆင့် ကျောင်းသား ၁၃၁၈ ဦး အပ်နှံပြီး၍ စုစုပေါင်း ကျောင်းသား ၂၀၇၀၄ ဦး ၃၄ ဒသမ ၈၈ ရာခိုင်နှုန်း ကျောင်းအပ်နှံပြီးကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း ကျောက်တံခါးမြို့နယ်တွင် ကျောင်းအပ်လက်ခံခြင်းများကို မေလ ၂၄ ရက်နေ့မှစ၍ ကျောင်းဖွင့်ချိန်အထိ ဆက်လက်လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ကျောင်းသားမိဘ များအနေဖြင့် မည်သည့်အခကြေးငွေမျှ ကုန်ကျမှုမရှိဘဲ နိုင်ငံတော်မှ အခမဲ့ ထုတ်ပေးသော ကျောင်းသုံးပုံနှိပ် စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ မျက်နှာအကာနှင့် နှာခေါင်းစည်းတို့ကို ရရှိမည်ဖြစ်ကြောင်း သိရသည်။