ဒုတိယသုံးလပတ်အတွက် လူမှုရေးပင်စင်ခံစားရရှိသော သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေ သွားရောက်ပေးအပ်

ကျိုင်းတောင်း     မေ   ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့အတွင်းရှိ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ်(ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်) အတွက် လူမှုရေးပင်စင်ခံစားရရှိသော အသက် (၈၅) နှစ် အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ခြင်းကို မေလ ၂၆ ရက်နေ့ နံနက် ၉နာရီ အချိန်ခန့်က အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှဝန်ထမ်းများနှင့် ရပ်ကျေးစာရေးတို့မှ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့  ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့သို့ သွားရောက်ပေးအပ်ရာတွင် ကျိုင်းတောင်းမြို့ မြို့ပေါ်ရပ်ကွက်အတွင်းရှိ လူမှုရေးပင်စင် ခံစားရရှိသော အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွား(၁၀)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (၃၀၀၀၀၀) ကျပ်ကို  အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ သွားရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျိုင်းတောင်း