တောင်တွင်းကြီးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေး

 

တောင်တွင်းကြီး မေ ၃၁

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ထုတ်ပေးရေး လုပ်ငန်းများကို တောင်တွင်းကြီး မြို့နယ် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ရပ်ကွက်/ကျေးရွာ အရောက် ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက တောင်တွင်းကြီးမြို့ ရွှေအိုး (၁) ရပ်ကွက် အတွင်းမှပြည်သူများ အတွက် ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည်။

တိုင်းဒေသကြီး လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးပိုင်မြင့်၊ မြို့နယ်ဦးစီးမှူး ဦးကျော်ထူး နှင့် ဝန်ထမ်းများက ရွှေအိုး(၁)ရပ်ကွက်အတွင်း နေထိုင်လျက်ရှိသော ပြည်သူများအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးကို အသစ်ပြုလုပ်ခြင်း၊ လဲလှယ်ပေးခြင်းနှင့် ပျောက်ဆုံး များကို ပြန်လည်ပြုလုပ်ပေးခြင်း စသည်တို့ကို ပန်ခင်းစီမံချက်အရ နေ့ချင်းပြီးကွင်းဆင်း ဆောင်ရွက်ပေးခဲ့ရာ အိမ်ထောင်စု(၁၅)စုနှင့် နိုင်ငံသားစိစစ်ရေးကတ် (၈၂)ကတ်တို့အား ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သိရသည်။

နိုင်ဝင်း