ကျောက်ပန်းတောင်း မေ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား၊ မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအခြေအနေများအား ပိုမိုသိရှိနားလည်နိုင်စေရန်အတွက် သုံးသပ်တင်ပြဆွေးနွေးခြင်းကို၊ မေလ(၃၁)ရက်နေ့ မွန်းလွဲ(၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စကားဝါမြေခန်းမတွင်ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဒုတိယဦးစီးမှူးများက ဌာနခွဲအလိုက် လိုအပ်သည်များကို ဆွေးနွေးမှာကြားပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က ရပ်ကွက်/ ကျေးရွာ အုပ်စုစာရေးဝန်ထမ်းများ လစဉ်ဆောင်ရွက်ရမည့်ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာကိစ္စများနှင့် ထူးခြားဖြစ်စဉ်သတင်းများအချိန်နှင့် တစ်ပြေးညီပေးပို့တင်ပြရေးကိစ္စရပ်များကို ရှင်းလင်းမှာကြားပြီး၊ မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအခြေအနေများအား ပိုမိုသိရှိနားလည်နိုင်စေရန်အတွက် ပရိုဂျက်တာဖြင့်ရှင်းလင်းတင်ပြသွားမည်ဖြစ်၍ ဝန်ထမ်းများအနေဖြင့် စိတ်ပါဝင်စားစွာလေ့လာ မှတ်သားပြီး၊ မိမိမိသားစု၊မိမိပတ် ဝန်ကျင်ရှိလူများ နားလည်သိရှိအောင် တတ်နိုင်သမျှရှင်းလင်း မျှဝေသွားစေ လိုကြောင်း ပြောကြားသည်။ ယင်းနောက် တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်ကို အခြေခံဥပဒေအရ ထိန်းသိမ်းခဲ့ရသည့်အကြောင်းအရင်း၊ နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာခြင်းနှင့် ဆန္ဒပြမှုများ အဆင့်ဆင့် ပြောင်းလည်းလာပုံနှင့် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအပေါ် သုံးသပ်ခြင်းနှင့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဆောင်ရွက်ချက်များကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြသခဲ့ ကြောင်းသိရသည်။
အဆိုပါ သုံးသပ်ရှင်းလင်းခြင်းအခမ်းအနားကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် ဒုတိယ ဦးစီးမှူးများ၊ အကြီးတန်းစာရေးများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု စာရေးဝန်ထမ်းများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)