ကွတ်ခိုင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်          နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး

ကွတ်ခိုင်   မေ   ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကွတ်ခိုင် မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းလှနှင့် ဝန်ထမ်းများက ယမန်နေ့ နံနက်(၉)နာရီအချိန်က ပန်းခင်း စီမံချက်ဖြင့် နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။      

ကွတ်ခိုင်မြို့နယ်အနေဖြင့် မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ/ နည်းဥပဒေ၊ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေတို့ဖြင့် တိုင်းတာစိစစ်ပြီး အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်ပေးခြင်းနှင့် နိုင်ငံသား/ဧည့်နိုင်ငံသား/နိုင်ငံသား ပြုခွင့်ရသူ ဟုတ်/မဟုတ်ဥပဒေနှင့်အညီ တိုင်းတာ၍ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းများကိုစဉ်ဆက်မပြတ်‌ ဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကိုင်ဆောင်လက်မှတ် လက်ဝယ် မရှိသေးသူများရှိနေသေးကြောင်းနှင့် ကိုင်ဆောင်လက်မှတ် ထုတ်ပေးရန်ကျန်ရှိသူများအား ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ယနေ့ပထမနေ့တွင် ဒေသခံ(၈၈)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးနိုင်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းလှထံမှသိရှိရသည်။

 ဌေးဌေး(ပြန်/ဆက်)