ချောက်မြို့နယ်အဆင့်​ကျောင်းအပ်နှံ​ရေးအခမ်းအနားကျင်းပ

​ချောက်       ​မေ         ၃၁

 

၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် မ​ကွေးတိုင်း​ဒေသကြီး ချောက်မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၈နာရီအချိန်က​ ချောက်မြို့ အမှတ်(၁) အ​ခြေခံပညာ အထက်တန်း​ကျောင်း မြရိပ်ညို ခန်းမ၌ကျင်းပသည်။

 

​ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်​​ရေး အဖွဲ့ ဥက္ကဋ္ဌဦးစိုးလွင် က အမှာစကား​ပြောကြားခြင်း၊ မြို့နယ်စီမံ အုပ်ချုပ်​​​ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးတင်ထွန်းဦးက အမှာစကား​ပြောကြားပြီး မြို့နယ်တာဝန်ခံပညာ​ရေးမှူးဦးနေမျိုးအောင် က​ ​ကျောင်းအပ်နှံ​ရေးနှင့် ပတ်သက်၍ရှင်းလင်း​ပြောကြားသည်။

 

ထို​နောက် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိ သူများက ​ကျောင်းသား/ ကျောင်းသူများအား ပညာ​ရေးဝန်ကြီးဌာနမှ ထောက်ပံ့သည့် အ​ခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်​ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊နှာ​ခေါင်းစည်း(mask)နှင့်မျက်နှာ အကာ (Faceshield) တို့ပါ​ပေးအပ်ခဲ့​ကြောင်း သိရသည်။

 

ကျော်မိုး