ရမည်းသင်းမြို့နယ်အတွင်း၂၀၂၁-၂၀၂၂ပညာသင်နှစ် အခြေခံပညာ ကျောင်းများ စတင်ဖွင့်လှစ် သင်ကြား

ရမည်းသင်း   ဇွန်  ၁

မန္တလေးတိုင်းဒေသကြီးရမည်းသင်းမြို့နယ်အတွင်းရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ယမန်နေ့ နံနက်(၈)နာရီခွဲတွင် စတင်ဖွင့်လှစ်သင်ကြား လျက်ရှိကြောင်းသိရသည်။

ရမည်းသင်းမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း ( ၁၄)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၁၃ )ကျောင်း၊ အလယ်တန်းကျောင်း ( ၂၀)ကျောင်း၊ အလယ်တန်း ကျောင်းခွဲ (၂၁ )ကျောင်း၊ မူလတန်းလွန်ကျောင်း (၃၂ ) ကျောင်း၊ မူလတန်းကျောင်း (၁၂၄ ) ကျောင်း၊ မူတန်းခွဲ (၁၁ )ကျောင်း စုစုပေါင်း (၂၃၅ ) ကျောင်း ရှိပြီးကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက် ရှိကြောင်းသတင်းရရှိသည်။

ခရိုင်ပြန်/ဆက်၊ရမည်းသင်း