ပွင့်ဖြူမြို့နယ်၌ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရန် ဓာတ်အားလိုင်းပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်

 

 

ပွင့်ဖြူ      ဇွန်        ၁

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး ၊ ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေးနှင့် ဓာတ်အား ပျောက်ဆုံးမှု မဖြစ်စေရေးအတွက် ယမန်နေ့က မင်းဘူး(စကု)မြို့နယ် ၃၃ကေဗွီ မန်းစက်ရုံ မှ ပို့လွှတ်သော စကုထနောင်းတော - ပွင့်ဖြူ - စလင်း ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်း၍ ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးတင့်ဇော် ဦးဆောင်မှုဖြင့် လိုင်းတာဝန်ခံ ဦးလှဝင်းအောင်နှင့် ဝန်ထမ်းများအဖွဲ့က မြို့နယ် အတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းပပျောက် စေရေးအတွက် မင်းဘူး(စကု)မြို့နယ် ၃၃ ကေဗွီ မန်းစက်ရုံမှ ပို့လွှတ်သော စကုထနောင်းတော - ပွင့်ဖြူ - စလင်း ဓာတ်အားလိုင်းတစ်လျှောက် လျှပ်စစ်ဓာတ်အားယူနစ်များ အပိုင်းအလိုက် ပျောက်ဆုံးမှု တွက်ချက်နိုင်ရန် 33kV Metering Out Fit (MOF)တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း ၊ လျော့ကျနေသော ဓာတ်အားလိုင်းများ ကောင်းမွန်အောင် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော် က ပြောပြ၍ သိရသည်။  

 

 ရဲဝင်းနိုင် ( ညောင်ဦး )