စေတုတ္တရာ ဇွန် ၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် (၁)နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် တည်ငြိမ်အေးချမ်းဖို့အရေးကြီးကြောင်း၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေး မှူးများအနေဖြင့် မိမိတို့၏ ရပ်ရွာ တည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းသား ကျောင်းသူ များ လုံခြုံအေးချမ်းစွာ ပညာသင်ကြား နိုင်ရေးအတွက် လုံခြုံရေးလုပ်ငန်းများ၊ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းတက် နိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်နှင့် ပန်းခင်းစီမံချက်ဆိုင်ရာ ကိစ္စများအား ဆွေးနွေးပြောကြားသည်။
ထို့နောက် စေတုတ္တရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးများမှ တစ်ဦးချင်း အလိုက် မိတ်ဆက်ပြောကြားခဲ့ပြီးနောက် မိမိတို့၏ လုပ်ငန်းဆောင်ရွက်နေမှု များနှင့်ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြရာ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း က ပြန်လည်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ခင်သန်းလှိုင်