မိုးမိတ်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

 

 

မိုးမိတ် ဇွန် ၁

 ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့  ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလ ၂၄ ရက်မှ ၃၁ ရက်နေ့အထိ သတ်မှတ်ထားရှိခဲ့ပြီး ဇွန်လ ၁ ရက်နေ့တွင်  ကျောင်းများစတင်ဖွင့်လှစ်ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်  မိုးမိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ကျောင်းသူများသည် ယနေ့ နံနက် ၈ နာရီမှစတင်၍ မိမိတို့ အပ်နှံထားသော ကျောင်းများသို့ တက်ရောက် ပညာသင်ကြားနေကြကြောင်းသိရသည်။

 

မိုးမိတ်မြို့နယ်အတွင်းရ ကျောင်းသား/သူများအား ကျောင်းသို့လာရာတွင် ပါးစပ်၊ နှာခေါင်းစည်းနှင့် မျက်နှာကာများ တပ်ဆင်ခြင်း ၊ စာအုပ် ၊ခဲတံ၊ ဘောပင် ၊ ပေတံများကို မျှဝေသုံးစွဲခြင်းမပြုရန်၊ ကျောင်းအဝင်တွင် လက်ဆေးကန်များထားရှိပြီး စနစ်တကျလက်ဆေးစေခြင်းများအပြင် မိဘဆရာများ ၊ကျောင်းသား/သူများကလည်း ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကို မပျက်မကွက် လိုက်နာသွာကြရန် အထူးလိုအပ်ကြောင်းနှင့် တက်ရောက် ပညာသင်ကြားနေသော ကျောင်းသား/သူဦးရေမှာ မူလတန်းအဆင့်တွင် ၂၂၉၄ ဦး ၊အလယ်တန်းအဆင့်တွင် ၇၇၂ ဦး ၊ အထက်တန်းအဆင့်တွင် ၂၂၈ ဦး တက်ရောက်နေကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

မိုးမိတ်သား(စည်သူဌေး)