မြစ်ကြီးနား မတ် ၂၈
မြန်မာနိုင်ငံတွင် COVID-19 ရောဂါနှင့် ပတ်သက်၍ ပြည်သူများက စိုးရိမ်ကြောက်လန့်မှုဖြင့် ဈေးများတွင် ဆန်၊ ဆီ၊ ဆား၊ ဆေးနှင့် အခြားပစ္စည်းများကို အလုအယက် ဝယ်ယူမှု ဖြစ်ပေါ်ခဲ့သည်။
“မတ်လ(၂၃)ရက်နေ့က မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးတွေ့ရှိတယ်လို့ ကြေညာပြီး နောက်ပိုင်း ပြည်သူတွေက အထိတ်တလန့်နဲ့ ဆန်နဲ့အခြားပစ္စည်းတွေ လာဝယ်ကြတယ်။ ဆန်ဈေးကို ဈေးမတင်ထားပါဘူး။ အရင်ဈေးနှုန်းအတိုင်း ရောင်းပေးတာပါလို့ မြစ်ကြီးနား မြို့ဈေး (၁)မှ ဖြိုးဖြိုး ဆန်ရောင်းဝယ်ရေးမှ ဆိုင်ရှင် ဦးမောင်ရွှေက ပြောပြခဲ့သည်။
မြစ်ကြီးနားမြို့အမှတ်(၁+၂) ဈေးကြီးရှေ့တွင် COVID-19 ရောဂါကြိုတင်ကာကွယ်မှုအနေဖြင့် ဈေးသွား ဈေးလာပြည်သူများအတွက် City Square ရှေ့ပလက်ဖောင်းများတွင် လက်ဆေးကန်များ၊ လက်သန့်ဆေးများ၊ Wet Tissue များဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် စည်ပင် သာယာရေးကော်မတီမှလည်း လူစုလူဝေးတတ်နိုင်သမျှရှောင်လွှဲရန် စားစရာရောင်းချရသောဆိုင်များတွင် ဆိုင်ထိုင်စားသုံးခြင်းမပြုကြဘဲ ပါဆယ်ယူ၍ မိမိနေထိုင်ရာနေရာတွင်သာ သုံးဆောင်ကြပါရန် တိုက်တွန်းနှိုးဆော်စာများကို ဆောင်ရွက်ထားရှိကြောင်းသိရပြီး ကုန်ဈေးနှုန်းမှာ ပုံမှန်အတိုင်း ရောင်းချ လျက်ရှိကြောင်း သိရသည်။
စိန်ဝင်း (ပြန်/ဆက်)