တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းသားသမီးများအား ပညာသင် စရိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေး

 

 

တာချီလိတ် ဇွန်  

 

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးစာရေး ကိရိယာ ထောက်ပံ့ပေးခြင်းကို ယမန်နေ့ နေ့လည် ၂ နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်မှ ဝန်ထမ်းသားသမီးများကို အားပေး အမှာစကား ပြောကြားခဲ့ပြီး ပညာသင်စရိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများကို ပေးအပ် ခဲ့သည်။ ပညာသင်စရိတ်နှင့် ကျောင်းသုံးစာရေး ကိရိယာများအား ဥက္ကဋ္ဌဦးမြင့်နိုင်၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်နှင့် လက်ထောက် ညွှန်ကြားရေးမှူးတို့က ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

 

ထက်၊လယ်၊မူ၊မူကြို ကလေးများ စုစုပေါင်း ၃၂ ဦးအား ပညာသင်စရိတ်နှင့် ကျောင်းသုံး စာရေးကိရိယာများ ထောက်ပံ့ပေးနိုင်ခဲ့ကြောင်းသိရသည်။

 

ယာဆေး(ပြန်/ဆက်)