မိတ္ထီလာ ဇွန် ၁
မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလာအသက်၂၅ နှစ်အောက်အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေ ၃ နာရီ ၃ဝမိနစ်အချိန်က ခရိုင်ဘောလုံးအားကစားကွင်း၌ ကျင်းပကြောင်းသိရသည်။
ရှေးဦးစွာဗိုလ်လုပွဲကို မိတ္ထီလာမြို့နယ်အသင်းနှင့် သာစည်မြို့နယ်အသင်း တို့ယှဉ်ပြိုင်ကစားကြရာ ဒုတိယပိုင်းပွဲပြီးချိန်အထိ နှစ်ဘက်ဂိုးမရှိသရေဖြစ်ခဲ့သည်။ ဆက်လက်၍ဘောလုံးပွဲကိုပယ်နယ်တီကန်သွင်း၍ ဆုံးဖြတ်ခဲ့ရာ မိတ္ထီလာမြို့နယ် အသင်းအား သာစည်မြို့နယ်အသင်းက ငါးဂိုး-လေးဂိုးဖြင့် အနိုင်ရဗိုလ်စွဲ သွားသည်။
၎င်းနောက် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ ပထမဆုရရှိသည့်သာစည်မြို့နယ် အသင်းအား ဆုကလပ်နှင့် ငွေသားဆုများ၊ တစ်ဦးချင်းဆုတံဆိပ်များအား လည်းကောင်း၊ ဒုတိယဆုရရှိသည့် မိတ္ထီလာမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများအားလည်းကောင်း၊ အဆိုပါ အသင်းနှစ်သင်းမှ နေရာလိုက်အကောင်းဆုံး အားကစားဆုရရှိသူများနှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားဆုရရှိသူအားလည်းကောင်း ဒုတိယခရိုင်ချုပ်ရေးမှူးဦးကျော်စွာထွန်း၊ မိတ္ထီလာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးကျော်ဇေယျ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးတင့်ဆန်း ၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ထွေး နှင့်တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလားအသက်၂၅နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲကို မေလ ၂၉ရက်နေ့မှ ၃၁ရက်နေ့ အထိ ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် မိတ္ထီလာမြို့နယ်၊ မလှိုင်မြို့နယ်၊ သာစည်မြို့နယ် နှင့်ဝမ်းတွင်းမြို့နယ် အသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ ကြောင်းသိရသည်။
ချမ်းသာ