မြင်းခြံ ဇွန် ၁
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းများကို ယနေ့ နံနက်မှ စတင်ကာ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
မြင်းခြံမြို့တွင် ကျောင်းအပ်သည့် ကျောင်းသား၊ ကျောင်းသူများမှာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၆၃၅ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၈၂၁ ဦး၊ အထက်တန်းအဆင့် ၂၂၃ ဦး စုစုပေါင်း ၂၆၇၉ ဦး မြင်းခြံမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းအသီးသီးတွင် လာရောက်အပ်နှံကျပြီး ကျောင်းအပ်နှံမှု ရာခိုင်နှုန်းမှာ(၆.၇၄)ရှိကာ အခြေခံပညာကျောင်း အသီးသီးတွင် စာသင်ကြား လျက်ရှိကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)