မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မွေးစမှစ၍ အသက် (၁) နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုးပေးခြင်းလုပ်ငန်းများကို ရပ်ကွက်များအလိုက် ကွင်းဆင်းဆောင်ရွက်

ရန်ကုန် သြဂုတ် ၉

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မွေးစမှ အသက် () နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဥမ္မာမြင့်၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက် (၂၀)အတွင်း အလှည့်ကျဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းအချိန်က သာယာကုန်းရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ကလေးငယ်များနှင့် မိဘများအား Mask တပ်ဆင်လာစေရေးနှင့် လူစုလူဝေး မဖြစ်ပေါ်စေရေးတို့အတွက် လူဦးရေကန့်သတ်၍ Social Distancing ဖြင့် စနစ်တကျ ရှိစေရေးတို့ကို ကြိုတင်စီမံ၍ ဆောင်ရွက်ပေးခဲ့ကြသည်။ အဆိုပါ ကာကွယ်ဆေးများသည် အသည်းရောင် အသားဝါ (ဘီ) ရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာရောဂါ၊ မေးခိုင်ရောဂါနှင့် ဦးနှောက် အမှေးရောင်ရောဂါ အစရှိသည့် ရောဂါများကို ကာကွယ်ပေးနိုင်သည့်အတွက် သတ်မှတ် အသက်အပိုင်းအခြားရှိသည့် ကလေးငယ်များတွင် ပုံမှန်ထိုးနှံ၊ တိုက်ကျွေးပေးရန် လိုကြောင်း သိရသည်။

ကလေးငယ်များအား ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများအပြင် ကိုယ်ဝန်ဆောင်သည် များအား ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခြင်းတို့ကိုလည်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှလဲ လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)