နောင်ချို သြဂုတ် ၉
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အနေဖြင့် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်မှု ရာခိုင်နှုန်း ၃၃.၀၇ ဖြင့် အောင်မြင်ခဲ့ ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နောင်ချိုမြို့နယ်မှ အတွင်းဖြေဆိုသူ (၁၂၂၂) ဦး၊ ပြင်ပဖြေဆိုသူ (၅၃၂)ဦး စုစုပေါင်း (၁၇၅၄) ဦး ဖြေဆိုခဲ့ကြရာ အောင်မြင်မှုအနေဖြင့် အတွင်းဖြေ (၃၄၄)ဦး၊ ပြင်ပဖြေ (၂၃၆)ဦး စုစုပေါင်း (၅၈၀)ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ် အနေဖြင့် ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ၅- ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ ၄- ဘာ သာဂုဏ်ထူးရှင်(၂) ဦး၊ ၃- ဘာသာဂုဏ်ထူးရှင် (၁၅ )ဦး၊ ၂- ဘာသာဂုဏ်ထူးရှင် (၂၁)ဦး၊ ၁-ဘာသာဂုဏ်ထူးရှင် (၅၃)ဦး ပေါ်ထွက်ခဲ့ကြောင်း သိရသည်။
ထွေးငယ် (နောင်ချို ပြန်/ဆက်)