တနင်္သာရီ ဇွန် ၁
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ကြွယ်နှင့် ဝန်ထမ်း(၆)ဦးတို့သည် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့် သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ် ဆောင်ရွက်ပေးခြင်းအား မေလ ၂၉ ရက်နှင့် ၃၀ ရက် (၂)ရက်တိတိ ဘန်းလမွတ်ကျေးရွာအုပ်စုအတွင်း နိုင်ငံသားစိစစ်ရေးကတ် (၁၀နှစ် ပြည့်/ ၁၈ နှစ်ပြည့်) ပြုလုပ်ပေး ခြင်း၊ ၁၈ နှစ်ပြည့်လဲလှယ်ခြင်း၊ ပျောက်ဆုံး ပျက်စီး၍ မိတ္တူထုတ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခြင်း တို့အား ကျေးရွာအရောက် ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် နိုင်ငံသားကတ်ပေါင်း ကျား(၂၁)ဦးနှင့် မ(၁၄)ဦး၊ စုစုပေါင်း (၃၅)ဦးနှင့် အိမ်ထောင်စုဇယား(၂၃၀)ဦးတို့အတွက် ကွင်းဆင်းဆောင်ရွက်ပေးနိုင်ကြောင်း မြို့နယ် (လဝက) ရုံးမှ သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း